Resident Sayadaw

အရှင်ဉာဏိကာဘိဝံသ (မုဒိတာရွှေကျောင်း ဆရာတော်) 

မွေးဖွားနှစ် မွေးဖွာရာဒေသ
အရှင်ဥာဏိကာဘိဝံသကို ၁၉၆၄ ခု ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဦးအုန်းမောင် ဒေါ်နှင်းရီတို့မှ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဖလံခုံရွာတွင် မွေးဖွားခဲ့သည်
သာသနာတွင်းဝင်
အသက် ၁၃ နှစ်အရွယ်တွင် ဖလံခုံရွာ သိုးဘိုးကျောင်းဆရာတော် ဦးကေသရကို ဥပဇ္ဈာယ်ပြု၍ သာသနာအတွင်း ၀င်ရောက်ခဲ့သည် 
စာပေသင်ကြား
သိုးဘိုးကျောင်းဆရာတော်နှင့် ရေဦးမြို့ချမ်းသာကြီးတိုက်မှ ဆရာတော်များ၊ မန္တလေးမြိုံ မစို်းရိမ်တိုက်သစ်၊ မစိုးရိမ်တိုက်ကြီးနှင့် မိုးကောင်းတိုက် ဇေယျဝတီဆရာတော် ဦးသုဇနာလင်္ကာရစသော ဆရာတော်များထံ ပိဋကစာပေများသင်ယူခဲ့သည် 

 ဖြေဆိုအောင်မြင်ခဲ့မှုများ
ချမ်းသာကြီးတိုက် မဟာသုခပရိယတ္တိစာမေးပွဲ(ငယ်၊လတ်၊ကြီး)၊ ရွှေဘိုမြို့ ၀ိနယာနုဂ္ဂဟ စာမေးပွဲ ငယ် ၊ လတ် (ပထမနှင့်) ၀ိနယအကျော်၊ ၀ိနယာနုဂ္ဂဟ ဓမ္မာစရိယဘွဲ့၊ အစိုးရစာမေးပွဲ ငယ်၊ လတ်(ပထမ) အကြီး၊ သာသနဓဇ ဓမ္မာစရိယဘွဲ့၊ မြင်းခြံမြို့ သဒ္ဓမ္မပါလစာမေးပွဲ မူလစာသင်(ပထမ) သီးခြားစာသင်နှင့် စာချတန်း (သီ၊ဏီ) အဋ္ဌကထာကျမ်းများ၊ တောင်ငူမြိုံ သုဓမ္မာပရိယတ္တိစာမေးပွဲ သုဓမ္မာပရိယတ္တိဓမ္မာစရိယဘွဲ့၊ မော်လမြိုင်မြို့ သုသမာစာရစာမေးပွဲ ငယ်၊ လတ်(ပထမ)၊ ရန်ကုန်မြို့ စေတိယင်္ဂဏစာမေးပွဲ၊ စာသင်တန်းနှင့် စာချတန်း (ပါ၊ သီ) အဋ္ဌကထာကျမ်းများ

အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် ဖရီးမောင့်မြိုံ Ohlone College မှ AA (liberal Art) နှင့် San Jose State University မှ  BA (Psychology)

 ပဋိပတ္တိလုပ်ငန်း

ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာနှင့် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာတို့တွင် တရားပွားများအားထုတ်ခဲ့ 

အမေရိကန်ခရီး

အမေရိကန်ပြည်ထောင်စုသို့ ၁၉၉၉ ခုနှစ်တွင် ရောက်ရှိပြီး ၄င်းနှစ်မှစတင်ကာ ကာလီဖိုးနီးယားပြည် နယ် ဖရီးမောင့်မြို့ မေတ္တာနန္ဒဝိဟာရ၌ (၁၂) နှစ်ကြာ သီတင်းသုံး နေထိုင်ပြီး ဘာသာ ၊ သာသနာ ၊ နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာကို မြှင့်တင်လိုသော ဘာသာရေး၊ လူမှုရေး၊ အဖွဲ့ အစည်းအသီးသီး၊ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်အသီးသီးနှင့် ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံကာ အားတက်သရော ကိုယ်တိုင်ပါဝင်ကူညီလေ့ရှိသော ဆရာတော် အရှင်ဉာဏိကာဘိဝံသည် အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ ဟေးဝါဒ်မြို့တွင် မုဒိတာရွှေကျောင်း- အမည်နှင့် ကျောင်းသစ်တစ်ခု စတင် ဦးစီးတည်ထောင်နေပါပြီ
ဆရာတော်သည် အရှင်ဉာဏိက၊ အရှင်ဉာဏိကာဘိဝံသ(ကာလီဖိုးနီးယားတက္ကသိုလ်)၊ ဉာဏ်ဦးမောင်၊ မုဒိတာလမင်း စသော ကလောင်အမည်များနှင့် ပြည်တွင်းပြည်ပ၊ မဂ္ဂဇင်း၊ စာစောင်၊ အာတာနက်စာမျက်နှာများပေါ်တွင် ဘာသာရေး၊ အတွေးအမြင်နှင့် သုတ၊ ရသ၊ ဆောင်းပါး၊ ကဗျာများကို ရေးသားလေ့ရှိသည်။
ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ၊ မကြီးရင့်သေးပေမယ့် အသီးအပွင့်လေးတွေနဲ့ ဝေဆာနေခဲ့သူ၊ အလှတွေ မျှဝေ ရစေဖို့၊ အင်္ဂလန်ခရီး မပြီးသေးပါ၊ မုဒိတာလမင်း စာအုပ်များ ထုတ်ဝေခဲ့ပါသည်။ မင်းအလှ ခဏငှါးပါရစေ၊ ပြည်တွင်းဖြစ် အမေ၊ ကံကောင်းခြင်းလက်ဆောင် လက်ကမ်းစာအုပ်ငယ်များကိုလည်း ထုတ်ဝေခဲ့သည်။