မုဒိတာရွှေကျောင်း စာကြည့်တိုက် နိုဝင်ဘာ ၂၆၊ ၂၀၁၂
အရှင်ဥာဏိကာဘိဝံသ ကျောင်းထိုင်သီတင်းသုံးသော မုဒိတာရွှေကျောင်းတွင် မြန်မာမိသားစုများအတွက် မြန်မာစာကြည့်တိုက်ဖွင့်လှစ်ပွဲကို ယမန်နေ့ညနေက ဟေးဝဒ်မြို့ ကျောင်းတည်နေရာတွင် ဖွင့်လှစ်ခဲ့သည်။
ဆရာတော်ကိုယ်တိုင် စုဆောင်းထားသော မြန်မာစာအုပ်များ၊ ဘာသာရေးစာအုပ်များနှင့် အများသူငှာတို့ ၀ိုင်းဝန်းလှူဒါန်းသော စာအုပ်များ စာနယ်ဇင်းများ စုစုပေါင်း ၁၃၀၀ နီးပါးဖြင့် အဆိုပါ မြန်မာစာကြည့်တိုက်ကို ဘုန်းကြီးကျောင်းထူထောင်ပြီး ၁ နှစ် အကြာတွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆရာတော်က ရပ်နီး ရပ်ဝေးက မြန်မာစာဖတ်သူများအတွက် ရည်ညွှန်းစရာ၊ အားကိုးစရာ ဖြစ်စေမည့် စာကြည်တိုက်၊ စာဖတ်ခန်းတခု ဖြစ်လာအောင်၊ မြန်မာစာဖတ်သူ အများအတွက် ရည်ရွယ်ပြီး ကြိုးစားသွားမည်ဟု ပြောကြားသည်။Please visit us online browsing our Catalog @ http://library.mymudita.com
