Wednesday, November 12, 2014

နောင်တကင်းရာ


အရှင်ဥာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)

ပြီးခဲ့တဲ့သီတင်းပတ်ထဲတုံးက ကျောင်းကို အဖိုးအိုနှစ်ယောက်ရောက်လာကြတယ်။ ရှစ်ဆယ်နဲ့ကိုးဆယ်ကျော်အရွယ် အဖိုးတွေ။ သူတို့သားသမီးများက ကျောင်းကိုရောက်စေချင်တာကြောင့် တမင်တကူးတက လိုက်ပို့ကြတာ။ သူတို့ချည်းပဲဆိုရင်တော့ ကျောင်းကိုရောက်နိုင်ကြတော့မယ် မဟုတ်။ ဟိုနားဒီနားတောင် လျှောက်နိုင်ဖို့ခက်ခဲကြမည့် အနေအထား။ လမ်းသွားတာတောင်မှပဲ အတွဲအကူနဲ့လျှောက်ကြရရှာတာ။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေလည်း လျော့ပါးကြသလို စိတ်ပိုင်းဆိုင်ရာ မှတ်ဥာဏ်များလည်း အားနည်းကြတဲ့အရွယ်။ အသက်အရွယ်များက ကြီးမားကြပေမယ့် ခွန်အားများကတော့ ကလေးငယ်ငယ်အရွယ်။