ခဏတိုင်း ရွှေ
နေသာတဲ့
နေ့တစ်နေ့မှာပေါ့။ ပန်းခြံထဲရှိ ကလေးကစားကွင်းအနီးက ခုံတန်းအစွန်းပေါ်မှာ အမျိုးသမီး
တစ်ဦးထိုင်နေ တယ်။ ခုံတန်းရဲ့ အခြားတစ်ဖက်စွန်းမှာတော့ အမျိုးသားတစ်ဦးက ထိုင်လျက်။
‘အင်္ကျီအနီရောင်နဲ့ကလေးက
ကျွန်မသားပေါ့’လို့ ကစားကွင်းထဲမှာ လျောစီးနေတဲ့ ကလေးငယ်ကို ညွှန်ပြပြီး အမျိုးသမီးက
ပြောလိုက်တယ်။
‘ကလေးက
ချစ်စရာလေးပဲ။ ဟိုက ဘားတန်းမှာ တွဲလဲခိုနေတဲ့ကလေးကတော့ ကျွန်တော့်သားလေ’ ဆိုပြီး
အင်္ကျီ အပြာရောင်နဲ့ ကလေးငယ်ကိုညွှန်ပြကာ အမျိုးသားက ပြန်ပြောပြတယ်။
သူတို့တွေ
အလ္လာပ သလ္လာပပြောကြပြီးလို့ အတန်ကြာတော့ အမျိုးသားက သူ့လက်ပတ်နာရီကို ကြည့်လိုက် တယ်။
နောက်ပြီး ‘ပြန်ချင်ပြီလားသားရေ’လို့ သူ့သားကိုကြည့်ကာ
လှန်းမေးလိုက်တယ်။
ဒီတော့
သားက ‘ခဏဖေဖေ၊ နောက်ထပ် ငါးမိနစ်လောက်’လို့ပြောပြီး ဆက်ဆော့နေတယ်။ အချိန် အတန်ကြာ သွားတော့
ဖခင်က ‘သားရေ၊ ပြန်ချိန်တန်ပြီ၊ ပြန်ချင်ပြီလား’လို့ နောက်ထပ်တစ်ခါ ထပ် မေးလိုက်တယ်။
ဒီအခါမှာလည်း သားက ‘နောက်ထပ် ငါးမိနစ်ဖေဖေ။ တကယ့်ကိုမှ ငါးမိနစ်ထဲပါ’ လို့ပြောပြီး
ဘားတန်းမှာ တွဲလဲခိုကာ ဆက်ဆော့နေတယ်။ ဖခင်က ပြုံးရွှင်စွာပဲ ‘ကောင်းပြီသားရေ’လို့
ပြောကာ အေးအေးဆေးဆေး ဆက်စောင့်နေလိုက်တယ်။
သားအဖကိုကြည့်ပြီး
‘ရှင်က သိပ်စိတ်ရှည်တဲ့ဖခင်ပဲ’ လို့ အနားက အမျိုးသမီးက မှတ်ချက်ပြုတယ်။ ဒီတော့ အမျိုးသားက
ပြုံးပြီး ခုလိုပြန်ပြောပြတယ်။
‘မနှစ်က
ဒီလမ်းပေါ်မှာ ကျွန်တော့်သားကြီး စက်ဘီးစီးနေခိုက် အရက်မူးပြီးမောင်းတဲ့ ကားသမား ကြောင့်
ကားတိုက်ပြီးဆုံးသွားတယ်လေ။ ကျွန်တော်ဟာ မိသားစုစီးပွားရေး လုံးပမ်းနေရတာနဲ့ ကျွန်
တော့်သားကြီးအတွက် အချိန်များများ မပေးနိုင်ခဲ့ဘူး။ ကျွန်တော့်သားငယ်တောင်းဆိုတဲ့
ငါးမိနစ် အတွက် ဘာပဲပေးရပေးရ ပေးဆပ်ဖို့ ဆုံးဖြတ်ထားတယ်လေ။ သားကြီးနဲ့ပတ်သက်တဲ့အမှားမျိုးကို
နောက်ထပ်မမှားဖို့ လိုတယ်မဟုတ်လား’။
‘ကျွန်တော့်သားငယ်ကတော့
သူ့အတွက် နောက်ထပ် ငါးမိနစ် ပိုကစားဖို့ အချိန်ရတယ်လို့ တွေးကောင်း တွေး မယ် လေ ။ တကယ်တမ်းမှာတော့
ကျွန်တော့်အတွက် သားငယ်ပျော်ပျော်ပါးပါး ကစားတာကို ငါး မိနစ်ပိုပြီး ကြည့်ခွင့်ရလိုက်တာပါ။
ဘ၀ဆိုတာ အရေးကြီးဆုံး အရာတွေကို ဦးစားပေးကာ လုပ်ခြင်းပဲ မဟုတ်လား။ ကျွန်တော်တို့ဟာ
တကယ် မဆုံးရှုံးသေးသမျှ ကျွန်တော်တို့ပိုင်ဆိုင်နေတဲ့အရာတွေကို တန်ဖိုးထား ဖို့
မေ့နေ တတ်ကြတယ်လေ’။
အတူတကွနေထိုင်ပြီး
တို့တွေရဲ့ အချိန်တွေကို ပျော်ရွှင်စွာ ခုချက်ခြင်းပဲ အသုံးချကြပါစို့လား။ နောက်
ငါးမိနစ်ပိုပြီး သုံးကြပါစို့လား။ တို့တွေအချင်းချင်းကြား တို့များရဲ့ ချစ်မေတ္တာ
တရားတွေကို ခုပဲပြကြပါစို့ လား။ မနက်ဖန်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူမှ ကြိုတင်သိနိုင်တာမျိုးမှ
မဟုတ်တာပဲလေ။ ။
No comments:
Post a Comment