Tuesday, September 17, 2013

ချော့ကလက် ချိုချို


ချော့ကလက် ချိုချို


အရှင်ဥာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)

ဗုဒ္ဓအဘိဓမ္မာကိုသင်ယူစဉ်က ကာယမုဒုတာ (ကိုယ်ရဲ့နူးညံ့ခြင်း)၊ စိတ္တမုဒုတာ(စိတ်ရဲ့နူးညံ့ခြင်း) ဆိုတဲ့ စေတသိက်တွေရဲ့ နာမည်နဲ့ သူတို့ရဲ့သဘောတရားများကို မှတ်သားရတယ်။ စာမေးပွဲဖြေဆိုနိုင်ဖို့ စာထဲ မှာပါတဲ့အဓိပ္ဗါယ်များကို ကြိုးစားပြီးလေ့လာမှတ်သားခဲ့ပေမယ့် သူတို့ရဲ့သဘောသဘာဝဆိုက်အောင် တော့ နားမလည်နိုင်ခဲ့ပါဘူး။ စာမေးပွဲကိစ္စတွေပြီးဆုံးလို့ တရားရှုမှတ်ပွားများတဲ့အလုပ်ကို အချိန်ပေး ပြီးလုပ်ဖြစ်ကာမှ ဒီကာယမုဒုတာ၊ စိတ္တမုဒုတာတို့ရဲ့ သဘောတရားကို ပြည့်ပြည့်၀၀ နားလည်သဘော ပေါက်ခဲ့ပါတယ်။

ဒီသဘောတရားတွေ ကိုယ့်ကိုယ်မှာ ထင်ထင်ရှားရှားဖြစ်နေခိုက်မှာ စိတ်ဓာတ်တွေ သိမ်မွေ့နူညံ့နေ တာ။ နာကျင်မှုတွေ လုံးဝမရှိတော့တာ၊ ဒါတင်မက ထိသမျှ ကိုင်သမျှ အရာအားလုံးဟာလည်း ပျော့ ပျောင်း နူးညံ့ဖြစ်နေတာကို အမှတ်ထားမိပါတယ်။ အဲဒီအချိန်ကစလို့ နောက်ပိုင်းမှာလည်း ခန္ဓာကိုယ် မှာ နာ ကျင်မှုတစ်ခုခုဖြစ်တဲ့အခါမျိုးမှာ ကိုယ့်ခန္ဓာကိုယ်ကို နူးညံ့လာအောင် စူးစိုက်လိုက်ရင် နာကျင်မှု တွေ အတန်အသင့် သက်သာသွားတတ်ပါတယ်။

တခါခါမှာတော့လည်း မထင်မှတ်တဲ့အကြောင်းလေးတစ်ခုကနေ စိတ်ကိုကြည်နူးမှုဖြစ်တတ်ပါသေး တယ်။ ဒီကြည်နူးကို ပြန်လည်စဉ်းစားတဲ့အခါမျိုးမှာ ကိုယ်နဲ့စိတ်မှာ နူးညံ့တဲ့သဘောတရား ထင်ထင် ရှားရှားပေါ်လာတတ်တာမျိုးကိုလည်း ခုနောက်ပိုင်းမှာ တွေ့လာရတယ်။ ကြည်နူးမှုဖြစ်ရလို့ နူးညံ့စိတ် ဖြစ်ခဲ့ရတဲ့ အကြောင်းလေးတစ်ခုကို ပြောပြချင်ပါတယ်။

Friday, September 13, 2013

မင်းအလှ ခဏငှါးပရစေ

မင်းအလှ ခဏငှါးပရစေ