Tuesday, December 31, 2013

ထာဝရ ရွှေသိမ်


ထာဝရ ရွှေသိမ်
အရှင်ဥာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသို်လ်)

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ကမ္ဘာကျော် ဆန်ဖရန်စစ္စကိုမြို့ရဲ့ အနီးက ဟာ့မွန်းဗေးမြို့လေးမှာ တည်ရှိတဲ့ ဓမ္မာနန္ဒ၀ိဟာရကျောင်းမှာ သိမ်သင်တန်း ကျင်းပနေတယ်။ သင်တန်းကာလက (၁၀) ရက်။ ဒီသိမ်သင်တန်းကို အမေရိကန်နိုင်ငံတွင်း ပြည်နယ်တော် တော်များများက ရဟန်းတော် (၂၃) ပါးတက်ရောက် သင်ယူနေကြတယ်။

သိမ်ဆိုတာက သာသနာမှာ အရေးကြီးတဲ့အရာလေ။ သိမ်ကိုအမှီပြုပြီး ရဟန်းတော်တွေမှာ ကံကြီးကံငယ် အမှုကိစ္စတွေ ပြုလုပ်ကြရတာ။ ဒီအထဲမှာ အထင်ရှားဆုံးနဲ့ လူသိအများဆုံး ကံ ကတော့ ရဟန်းခံခြင်းဆိုတဲ့ ဥပသမ္ဗဒကံပေါ့။ ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် နောက်ပိုင်း ဥာတ္တိ စတုတ္ထခေါ်တဲ့ ကမ္မ၀ါစာနဲ့ ရဟန်းပြုခွင့် ပေးခဲ့ကတည်းက စလို့ ခုချိန်တိုင် ရဟန်းပြုတော်မူခဲ့ ကြတဲ့ သံဃာတော်တွေအားလုံး ရဟန်းအဖြစ်ရောက်ရှိဖို့ရာမှာ သိမ်က အဓိကနေရာက ရှိနေခဲ့တာလေ။ ရဟန်းအဖြစ် မွေးဖွားပေးနိုင်ခဲ့တဲ့နေရာပေါ့။

Tuesday, December 10, 2013

သိမ်သမုတ်ပွဲ ဖိတ်ကြားစာ


မုဒိတာရွှေကျောင်း
ရွှေသိမ်တော် သိမ်သမုတ်ပွဲ ဖိတ်ကြားစာ
ဇန္န၀ါရီလ ၅ ရက် (1.5.2014) တနင်္ဂနွေနေ့
*********
အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် ဟေးဝပ်မြို့ မုဒိတာရွှေကျောင်းတွင် အသစ်ဆောက်လုပ်မည့် ရွှေသိမ်တော်မြေနေရာ၌ ၂၀၁၄ ခု ဇန္န၀ါရီလ ၅ ရက် တနင်္ဂနွေနေ့ နံနက် ဂ နာရီအချိန်တွင် သိမ်သမုတ်ပွဲ ကျင်းပပါမည်။
            သိမ်သမုတ်ပွဲသို့ အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးရှိ သံဃာတော်အရှင်မြတ်များနှင့် ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် သီတင်း သုံးကြသည့် သံဃာတော်အရှင်မြတ် အပါးသုံးဆယ်ကျော်ခန့်  ကြွရောက်ချီးမြှင့်ကြပါမည်။

ရဟန်းတော်များ ကံကြီးကံငယ်နှင့် ရဟန်းခံခြင်းစသည်ကဲ့သို့သော ကိစ္စများအတွက် သိမ်ဆိုသည်မှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ ထိုကြောင့် အသုံးဝင်မှု၊ မြတ်မှုနှင့်စပ်ပြီး “သင်္ကန်း ကထိန်၊ ကျောင်းမှာ သိမ်” ဟူ၍ ဆိုရိုးစကားပြုခဲ့ကြခြင်းဖြစ်သည်။

သိမ်သမုတ်ပွဲသို့ ကြွရောက်ချီးမြှင့်ကြမည့် သံဃာတော်များအား န၀ကမ္မ၊ အာရုံဆွမ်း၊ နေ့ဆွမ်းများလှူဒါန်းခြင်း၊ ပရိတ်သတ်များအား စားဖွယ် တို့ဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ သိမ်သမုတ်ပွဲအပြီး သိမ်ဆင်းလောင်းလှူခြင်း ကုသိုလ်များကို အလှူရှင်များ စုပေါင်းပြုလုပ်နိုင်ရန် စီစဉ်ထား ပါသည်။
ကုသိုလ်ပါဝင်
အသစ်ဆောက်လုပ်မည့် ရွှေသိမ်တော်အတွက် ပါဝင်လှူဒါန်းခြင်း၊ ကြွရောက်လာမည့် သံဃာတော်များအတွက် သံဃပူဇာ လှူဒါန်းခြင်းနှင့် သိမ်ဆင်းလောင်းအလှူတွင် န၀ကမ္မနှင့် လှူဖွယ်ဝတ္ထုများ ကိုယ်တိုင်လာရောက်လှူဒါန်းခြင်း ကုသိုလ်များကို ရယူနိုင်ရန် ရင်းနှင်းခင်မင်စွာ ဖိတ်ကြားအပ်ပါသည်။              
            သံဃပူဇာအတွက် သံဃာတော်တစ်ပါးလျင် န၀ကမ္မ ဒေါ်လာ (၁၀၀) နှုန်းဖြင့် မိမိတို့စွမ်းအားအလျောက် ၁ ပါး ၂ ပါး.. စသည်ဖြင့် လှူဒါန်းနိုင်ပါသည်။
အစီအစဉ်
*ဇန္န၀ါရီလ ၄ ရက် စနေနေ့ ညနေ ၄ နာရီအချိန်တွင် သိမ်နုတ်တော်မူကြမည်။
*ဇန္န၀ါရီလ ၄ ရက် စနေနေ့ ညနေ ၇ နာရီတွင် ဆရာတော်ဦးဇာဂရ(ကံထွန်းသစ်) က ရွှေသိမ်တော်မှတ်တမ်း တရားတော်ချီးမြှင့်ပါမည်။

+ဇန္န၀ါရီလ ၅ ရက် တနင်္ဂနွေနေ့ နံနက် ၆ နာရီ ၃၀ အချိန်တွင် အာရုံဆွမ်းကပ်
+++နံနက် ဂ နာရီအချိန်တွင် သိမ်သမုတ်
+++နံနက် ၉  နာရီအချိန်တွင် သိမ်ဆင်းလောင်းလှူ
+++နံနက် ၉  နာရီ ၃၀ မှ နေ့ ၁၁ နာရီအထိ ပရိတ်သတ်များအား နံနက်စာ စားဖွယ်တို့ဖြင့် ဧည့်ခံကျွေးမွေး
+++နံနက် ၁၁ နာရီ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်မည်။

အာရုံဆွမ်း၊ နေ့ဆွမ်းနှင့် စားဖွယ် အလှူရှင်များ
မိခင်ကြီး ဒေါ်ရင်ထွေးအမှူးထား၍ ကိုထိုက်စံ မခင်ဌေးဝင်းနှင့် ကိုရွှေတိုး မလှလှဝင်းမိသားစု                               မုန့်ဟင်းခါး
မိခင်ကြီး ဒေါ်ဟယ်လင်လင်းအမှူးထား၍ မာဂရက်လင်း ဒေစီလင်းမိသားစု                        ကြက်သားဆန်ပြုတ်၊ အီကြာကွေး
ဦးဝင်း ဒေါ်နှင်းကြည် (သမီး) မလှလှ မိသားစု                                                                                    ကြာဇံဟင်းခါး
ဦးဂျက်ဆင် ဒေါ်အေးအေးနွယ်                                                                                                        လဘက်ရည်
ဒေါ်မြင့်မြင့်အေး မိသားစု၊ ကိုနေထွဋ် မခင်စန်းမြင့်၊ ဦးထွန်းလှ ဒေါ်အုံးကြိုင်မိသားစု                            ထမင်းနှင့် လဘက်သုပ်
ကိုကျော်သူတိုး မသိင်္ဂီဦးမိသားစု                                                                                                ဆီချက်ခေါက်ဆွဲ
မေမဒီခင် ကုသိုလ်ရှင်များ                                                                             ကောက်ညှင်းငချိတ် ပဲပြုတ် ၊ ဆီထမင်း
ကိုကျော်လှ မမိုးမိုးနိုင်မိသားစု                                                                                                         တို့ဟူးကြော်
မေတ္တာရောင်ခြည်ဝတ်အသင်းနှင့် အလှူရှင်များ                                                                                        နေ့ဆွမ်း

ဆက်သွယ်လှူဒါန်းနိုင်ရန်
Mudita Shwe Kyaung       27695 Leidig Ct. Hayward, CA 94544 Ph: 510 574 5442

Friday, November 29, 2013

ကြက်ဆင်ကင်းတဲ့ ကျေးဇူးတော်နေ့

ကြက်ဆင်ကင်းတဲ့ ကျေးဇူးတော်နေ့
အရှင်ဥာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)



 ဒီနေ့က အမေရိကန်နိုင်ငံရဲ့ ကျေးဇူးတော်များ အခါတော်နေ့ပေါ့။ နှစ်စဉ် နိုဝင်ဘာလရဲ့ စတုတ္ထပတ် ကြာသပတေးနေ့မှာ ကျေးဇူးတော်များအခါတော်နေ့ကို ကျင်းပလေ့ရှိပါတယ်။ ဒီကျေးဇူးတော်များ အခါတော်နေ့ဟာ အစောပိုင်းမှာ ဘာသာရေးပွဲတော်က စခဲ့တယ်လို့ အဆိုရှိပါတယ်။ ကမ္ဘာသစ်လို့ ခေါ်ကြတဲ့ အမေရိကတိုက်ကို ဥရောပကနေ ပြောင်းရွှေ့အခြေချလာသူတွေနဲ့အတူပါလာတဲ့ ယဉ်ကျေး မှုလို့ ယူဆသူတွေလည်း ရှိပါတယ်။ ဒီကျေးဇူးတော်များအခါတော်နေ့နဲ့ပတ်သက်ပြီး တိတိကျကျပြောဖို့ ကတော့ ခက်ခဲပါတယ်။ (ကျောင်းတက်နေစဉ်က ကိုယ့်ဆီမှာမရှိတဲ့ အမေရိကန်နိုင်ငံရဲ့ ပွဲတော်တစ်ခု အကြောင်းကို စာတမ်းတစ်ခုရေးရမယ်ဆိုလို့ ဒီနေ့အကြောင်း လေ့လာကာ စာတမ်းတစ်စောင်ရေးဖြစ်ခဲ့ တယ်)။

ခုနောက်ပိုင်းမှာတော့ ဘာသာရေးပွဲတော်တစ်ခုထက် ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုအသွင်ကို ပို ဆောင်လာပါတယ်။ အများစုလက်ခံထားကြတာကတော့ ၁၆၂၀ ခုနှစ် စွန်းစက မေဖလားဝါးသင်္ဘောနဲ့ ပါလာတဲ့ခရီးသည်များရဲ့ ဘ၀အတွေ့အကြုံကြမ်းများဟာ ဒီအခါတော်နေ့ဖြစ်ပေါ်လာခြင်းရဲ့ အဦးအစလို့ ဆိုလေရဲ့။ စက်တင်ဘာလမှာ အင်္ဂလန်ရဲ့ပလိုင်းမောင့်ကနေ မေဖလားဝါးသင်္ဘောငယ်နဲ့ ကမ္ဘာသစ်ဆီ ကို လူတစ်ရာကျော် ထွက်ခွါခဲ့ကြတယ်။ အင်္ဂလန်ရှိ အခွင့်ထူးခံ အုပ်ချုပ်သူ လူတန်းစားတစ်စုနဲ့ သူတို့နဲ့ ပနံသင့်တဲ့ ဘာသာရေးခေါင်းဆောင်များရဲ့ စက်ကွင်းကနေလွတ်ကင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ အင်္ဂလိကန်ဂိုဏ်းရဲ့ စိုးမိုးမှုကို မလိုလားတဲ့ ပျူရိတန်နဲ့ ပရိုတက်စတင့်အများစု ပါဝင်တယ်လို့ဆိုပါတယ်။

Saturday, November 16, 2013

နှင်းဆီလက်ဆောင်


နှင်းဆီလက်ဆောင်
 

အရှင်ဥာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)

ဒီအချိန်နဲ့ မရှေးမနှောင်းလောက်မှာပဲ မနှစ်က သူရောက်လာတော့ သူ့အမူအယာက ညှိုးညှိုးနွမ်းနွမ်း၊ စိတ်ပျက်အားငယ်နေတဲ့ဟန်၊ မျက်နှာအမူအယာပါမက သူ့ရဲ့ဝတ်စားဆင်ယင်မှုကလည်း တကယ့်ကိုမှ ကပိုကယို၊ သူပြောသမျှစကားထဲမှာလည်း အဆင်ပြေတဲ့စကား၊ စိတ်ဓာတ်တက်ကြွဖွယ်စကား တစ် ခွန်းမျှ မပါ။ သူ့ဆီမှာ ကျေနပ်တာ၊ ကျေနပ်စရာဆိုလို့ ဘာတစ်ခုမှ မရှိတဲ့ပုံ။ သူ့ကိုမြင်ရသူတွေကိုပင် အပူဟပ်စေနိုင်တဲ့ အနေအထား။ လောကကြီးက သူ့အတွက် ဘာမှအထောက်အကူ မပေးနိုင်တဲ့ အသွင်အပြင်နဲ့။

ဒါပေမယ့် သူ့မျက်နှာ၊ သူ့အမူအယာနဲ့သူ့စကားတွေရဲ့ နောက်မှာ မြုပ်ကွယ်နေတဲ့ သူ့ရဲ့ပင်ကိုယ်စွမ်း အားက သူဟာသာမန်သူ မဟုတ်သလို အသိဥာဏ်လည်း မနိမ့်ပါးလောက်တဲ့သူတစ်ဦးဆိုတာကိုတော့ ခန်းမှန်းမိလိုက်တယ်။

Wednesday, October 2, 2013

အသက်တမျှ



အသစ်တည်ဆောက်မည့် မုဒိတာရွှေကျောင်း

ရွှေသိမ်တော်အတွက်

လှူဒါန်းနိုင်ကြပါပြီ


အသက်တမျှ

“သင်္ကန်း ကထိန်၊ ကျောင်းမှာ သိမ်၊ ဆွမ်းမှာ ပိဏ်”ရယ်လို့ ကုသိုလ်နဲ့စပ် အမြတ်ဖြစ်တဲ့အရာများကို ပြောတတ်ကြတယ်။ သံဃာတော်များဝတ်ရုံသုံးဆောင်နိုင်ရန်အတွက် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သင်္ကန်း အလှူ လှူတတ်ကြတယ်။ အဲဒီသင်္ကန်းအလှူတွေထဲမှာ ကထိန်သင်္ကန်းဟာ အမြတ်ဆုံးဖြစ်တယ်လို့ ဆိုလိုတာပါ။

သင်္ကန်းချင်းအတူတူ ကထိန်သင်္ကန်းအလှူက ဘာကြောင့်ပိုပြီးမြတ်တယ်လို့ ပြောရတာလဲ။ ကထိန် သင်္ကန်းအလှူက သံဃာတော်များအတွက် အချို့သောဝိနည်းသိက္ခာပုဒ်တွေကို ဖြေလျော့ပေးတာမို့ သံဃာတော်များအတွက် နေထိုင်ရတာ ပိုမိုသက်သောင့်သက်သာဖြစ်စေတယ်။ မပင်မပန်းလွယ်ကူစွာ သွားလာနိုင်တယ်စတဲ့အကျိုးတရားတွေကို ဖြစ်စေနိုင်တယ်။ အခြားသင်္ကန်းများက အဲဒီလိုအကျိုး အာနိသင်တွေကို သံဃာတော်တွေမှာ မရစေဘူး။ ဒါကြောင့် သာမန်သင်္ကန်းအလှူများထက် ထူးကဲတဲ့ ကောင်းကျိုးကိုဖြစ်စေနိုင်တာမို့ ကထိန်သင်္ကန်းအလှူကို အမြတ်ဆုံးလို့ ဆိုလိုတာဖြစ်တယ်။

Kathina 2013



ဘုံကထိန်သင်္ကန်း ဆက်ကပ်ပွဲ

မုဒိတာရွှေကျောင်းရဲ့ စုပေါင်းဘုံကထိန်သင်္ကန်းဆက်ကပ်ပွဲကို ၂ဝ၁၃ ခု အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကျင်းပပါမယ်။ ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ ကျောင်းအသီးသီးက သံဃာတော်များကိုပင့်ဖိတ်ကာ သင်္ကန်း၊ ဆွမ်း၊ နဝကမ္မစတဲ့ လှူဖွယ်များ လှူဒါန်းပြီး ပရိတ်သတ်များ ကိုလည်း စေတနာရှင်များက စားသောက်ဖွယ်များနဲ့ ဧည့်ခံကျွေးမွေးပါမယ်။

ကထိန်သင်္ကန်းတစ်စုံလျင် ဒေါ်လာ ၅ဝ နှုန်းဖြင့် လှူဒါန်းနိုင်ပါကြောင်းနှင့် ကထိန်ပွဲသို့ ကြွရောက်ကြပါရန်ကိုလည်း ကြည်လင်စိတ်ထား ဖြင့် လေးစားစွာဖိတ်ကြားပါတယ်။

We would like to cordially invite you to share our Kathina Robe Offering Ceremony with us. As you know, this is a momentous event and it would mean so much to us if you could be there.
The event will take place at Mudita Shwe Kyaung, located at 27695 Leidig Ct Hayward, CA 94544. We look forward to seeing you then.

Date:        Sunday, 20 October 2013
Time:          9:30am – 1:00 pm
Venue:        27695 Leidig Ct.
Hayward, CA 94544

Agenda
09:30am – 10:00 Chanting Patthana by Metta Yaunggyi
10:00am – 11:00 Kathina Robe Offering Ceremony
11:00am – 1: 00 Lunch offering to monks and Provide lunch  
to Devotees

                                 စားဖွယ်အလှူရှင်များ

မိခင်ကြီး ဒေါ်ရင်ထွေးအမှူးထားပြီး ကိုထိုက်စံ မခင်ဌေးဝင်းနှင့် ကိုရွှေတိုး မလှလှဝင်း= မုန့်ဟင်းခါး
မိခင်ကြီး ဒေါ်ဟယ်လင်လင်းအမှူးထားပြီး မာဂရက်လင်း၊ ဒေစီလင်း မိသားစု= ဖာလူဒါ၊ မြန်မာမုန့်
ဦးညွန့်သန်း ဒေါ်ထွေးထွေးဝင်း မိသားစု= ဘူးသီးကြော်
ဒေါ်နွယ်နီသောင်း ဒေါ်ခင်နွယ်စိုး မိသားစု= နန်းပြားသုပ်
ဦးကျော်လင်း ဒေါ်နန်းခမ်းရွှေ မိသားစု= ပင်ပွား၊ ကျောက်ကြောဖျော်ရည်
မေတ္တာရောင်ခြည်အသင်း=     ဆွမ်းဟင်း၊အချိုပွဲ၊ သစ်သီး
နှစ်ဖက်မိဘများရည်စူး၍ အလှူရှင်မိသားစု=       ဘယာကြော်
မေမဒီခင် ကုသိုလ်ရှင်များ =ေ     က်ာရည်ခေါက်ဆွဲ
ဦးဂျက်ကဆင် ဒေါ်အေးအေးနွယ်=ေ     ရခဲမုန့် ကြက်ဥပူတင်း





Contact:  510 574 5442 Email: ashinlay@gmail.com                     Make check to: Mudita Shwe Kyaung

Tuesday, September 17, 2013

ချော့ကလက် ချိုချို


ချော့ကလက် ချိုချို


အရှင်ဥာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)

ဗုဒ္ဓအဘိဓမ္မာကိုသင်ယူစဉ်က ကာယမုဒုတာ (ကိုယ်ရဲ့နူးညံ့ခြင်း)၊ စိတ္တမုဒုတာ(စိတ်ရဲ့နူးညံ့ခြင်း) ဆိုတဲ့ စေတသိက်တွေရဲ့ နာမည်နဲ့ သူတို့ရဲ့သဘောတရားများကို မှတ်သားရတယ်။ စာမေးပွဲဖြေဆိုနိုင်ဖို့ စာထဲ မှာပါတဲ့အဓိပ္ဗါယ်များကို ကြိုးစားပြီးလေ့လာမှတ်သားခဲ့ပေမယ့် သူတို့ရဲ့သဘောသဘာဝဆိုက်အောင် တော့ နားမလည်နိုင်ခဲ့ပါဘူး။ စာမေးပွဲကိစ္စတွေပြီးဆုံးလို့ တရားရှုမှတ်ပွားများတဲ့အလုပ်ကို အချိန်ပေး ပြီးလုပ်ဖြစ်ကာမှ ဒီကာယမုဒုတာ၊ စိတ္တမုဒုတာတို့ရဲ့ သဘောတရားကို ပြည့်ပြည့်၀၀ နားလည်သဘော ပေါက်ခဲ့ပါတယ်။

ဒီသဘောတရားတွေ ကိုယ့်ကိုယ်မှာ ထင်ထင်ရှားရှားဖြစ်နေခိုက်မှာ စိတ်ဓာတ်တွေ သိမ်မွေ့နူညံ့နေ တာ။ နာကျင်မှုတွေ လုံးဝမရှိတော့တာ၊ ဒါတင်မက ထိသမျှ ကိုင်သမျှ အရာအားလုံးဟာလည်း ပျော့ ပျောင်း နူးညံ့ဖြစ်နေတာကို အမှတ်ထားမိပါတယ်။ အဲဒီအချိန်ကစလို့ နောက်ပိုင်းမှာလည်း ခန္ဓာကိုယ် မှာ နာ ကျင်မှုတစ်ခုခုဖြစ်တဲ့အခါမျိုးမှာ ကိုယ့်ခန္ဓာကိုယ်ကို နူးညံ့လာအောင် စူးစိုက်လိုက်ရင် နာကျင်မှု တွေ အတန်အသင့် သက်သာသွားတတ်ပါတယ်။

တခါခါမှာတော့လည်း မထင်မှတ်တဲ့အကြောင်းလေးတစ်ခုကနေ စိတ်ကိုကြည်နူးမှုဖြစ်တတ်ပါသေး တယ်။ ဒီကြည်နူးကို ပြန်လည်စဉ်းစားတဲ့အခါမျိုးမှာ ကိုယ်နဲ့စိတ်မှာ နူးညံ့တဲ့သဘောတရား ထင်ထင် ရှားရှားပေါ်လာတတ်တာမျိုးကိုလည်း ခုနောက်ပိုင်းမှာ တွေ့လာရတယ်။ ကြည်နူးမှုဖြစ်ရလို့ နူးညံ့စိတ် ဖြစ်ခဲ့ရတဲ့ အကြောင်းလေးတစ်ခုကို ပြောပြချင်ပါတယ်။

Friday, September 13, 2013

မင်းအလှ ခဏငှါးပရစေ

မင်းအလှ ခဏငှါးပရစေ