အဝေးက နီးကြသူတွေ
အရှင်ဉာဏိက။ နိုဝင်ဘာ ၂၅၊ ၂၀၁၁
နေရာသစ်လေးတစ်နေရာ အတန်အသင့် အခြေခိုင်ဖို့ ကြိုးစားတည်ဆောက်နေတဲ့ကိုယ့်ကို
အနီးအဝေးက အား ပေးကူညီကြတယ်။ ဒါဟာဖြင့် ပုဂ္ဂိုလ်ရေးအနေနဲ့ပဲကြည့်ကြည့်၊ ဒီထက်ခန့်ညားတဲ့စကားကို
ယူသုံးရမယ်ဆိုရင် ဖြင့် သာသနာရေးရှုထောင့်ကပဲကြည့်ကြည့် ကျေးဇူးတင်ဝမ်းမြောက်စရာချည်းပါပဲ။
ပုဂ္ဂိုလ်ချင်း ရင်းနှီးကျွမ်းဝင် လို့ လေးစားခင်မင်မှုနဲ့ ထောက်ပံ့တယ်ဆိုလျင်တောင် သာသနာကိုအမှီပြုပြီး
နေထိုင်တဲ့ပုဂ္ဂိုလ်တစ်ဦးရဲ့ နေ့စဉ် ဘဝလှုပ်ရှားမှုများဟာ သာသနာအတွက်သာ ဦးတည်ထားတယ်ဆိုတာ
ကာယကံရှင်ကိုယ်ကိုယ်တိုင်ကတော့ အသိဆုံးပါပဲ။ သာသနာဆိုတဲ့ အဆုံးအမ ကင်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊
ပုဂ္ဂိုလ်ဆိုတဲ့ လိုက်နာကျင့်ကြံသူ မရှိတဲ့ သာသနာပဲဖြစ်ဖြစ်၊ တစ်ဖက်ဖက်က ချို့ယွင်းနေတယ်ဆိုလျင်ဖြင့်
လှပတင့်တယ်နိုင်တော့မယ် မဟုတ်ပါဘူး။ ပြည့်စုံလှပတဲ့အရာတစ်ခုဖြစ်ဖို့ဆိုလျင်ဖြင့် မှီရာသာသနာကိုလည်း
လိုက်နာဖြည့်ကျင့်ပါမှ၊ သာသနာတည်စေရာ ပုဂ္ဂိုလည်ကိုလည်း ဝိုင်းဝန်းကာဖြည့်တင်းကြကာမှ
ဖြစ်မှာပါ။ ဒါကြောင့် ကူညီအားပေးသူတွေဆိုတာ သာသနာ အတွက် အခရကျတဲ့သူတွေချည်းပါပဲ။
