Tuesday, August 30, 2011
Monday, August 22, 2011
The open door at the Mudita Shwe Kyaung
လာရဦးမယ်လို့ ပြောနေဖို့ဖြင့် မလိုပါ
အရှင်ဉာဏိကာဘိဝံသ
သြဂုတ် ၁၉၊ ၂၀၁၁
မနေ့က အင်ဒီယာနာပြည်နယ်မှာ ရောက်ရှိနေကြတဲ့ နောင်တော်ဆရာတော် သုံးပါးနဲ့ စကားပြောဖြစ် တယ်။ အဲဒီမှာ ဆရာတော် ဦးဇာဂရ (ကံထွန်းသစ်) က အရှင်လေးလည်း ကျောင်းထောင်ကျနေပြီမို့ စာ မရေးနိုင်ဖြစ်နေထင်တယ်။ စာတွေ မဖတ်ရတာ ကြာပြီရယ်လို့ စာရေးဖို့ တိုက်တွန်းသံပါတဲ့ စကားကို မိန့်ပါတယ်။
"မှန်ပါ၊ ဟုတ်ပါတယ်ဘုရား" လို့ ပြန်လည်လျှောက်ထားဖြစ်တယ်။ သူမိန့်ကာမှ ဟုတ်တာပေါ့။ မရေးဖြစ် တာ တော်တော်ကြာနေခဲ့ပြီပဲလို့ ရုတ်တရက် စဉ်းစားမိတယ်။ နောက်ပြီး ညနေပိုင်းကပဲ ရင်းနှီးတဲ့ ဒကာတစ်ဦးနဲ့ တွေ့ခဲ့လို့ သူလျှောက်ထားတာပတ်သက်ပြီး စာရေးဦးမယ်လို့ ပြောဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်း ဆရာကံကို ပြန်လည်လျှောက်ထားခဲ့တယ်။
ညတွင်းချင်းပဲ ရေးဖို့စိတ်ကူးခဲ့ပေမယ့် တစ်နေ့လုံးလာသမျှ ပရိတ်သတ်နဲ့ စကားပြောနေရတဲ့ အရှိန်က ပြလာပြီမို့ ခဏအိပ်ရာပေါ်လှဲလိုက်တာ အိပ်ပျော်သွားခဲ့လို့ တစ်ကြောင်းမှ မရေးနိုင်ခဲ့ဘူး။ စိတ်နောက် ကို မလိုက်နိုင်တဲ့ရုပ်က ရွှေရတုသက်တော် နီးလာခြင်းရဲ့ အမှတ်လက္ခဏာသင်္ကေတကို ပြလို့နေပြီ လေ။
မုဒိတာရွှေကျောင်းကို ဖွင့်လှစ်ခဲ့တာ ခုဆို တစ်လကျော်ကျော် ရှိနေခဲ့ပြီ။ ကျောင်းဖွင့်ပွဲ မတိုင်မီမှာ ပြင် ဆင်ချိန်က တစ်လနီးပါးလောက်နဲ့ဆိုတော့ မုဒိတာရွှေကျောင်းနဲ့ ဆက်စပ်တဲ့ ရက်တွေက နှစ်လခန့် ရှိခဲ့ပြီပေါ့။ ဒီနှစ်လလောက်အတွင်းမှာ တွေ့ကြုံဆုံခဲ့ရတဲ့ အတွေ့အကြုံက အဖုံဖုံ။ မြင်ရ ကြားရ ရောင်စုံ အစအနတွေရယ်က အပြည့်။ ကြမ်းထမ်းတာတွေလည်း ရှိ။ လွမ်းတမ်းစရာတွေလည်း ရှိ။ ဘဝရှိခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုမှ ရှောင်ပယ်လို့ မရနိုင်တဲ့ လောကသဘာဝ။ အကောင်းအဆိုး တရားတွေနဲ့ မြိုင်လို့ ဆိုင်လို့။ တစ်ပွင့်စီ၊ တကန့်စီကို စနစ်တကျ ရွေးချယ်ကာ စာစီကုံးရလျင်ဖြင့် အရောင်အသွေး တော်တော်စုံမယ့် စာပန်းကုံးကောင်းကောင်း ဖြစ်လိမ့်မယ်လို့ပင် တွေးမိပါသေးရဲ့။
Labels:
Articles
Thursday, August 4, 2011
First Waso Event of the Monastery
ဖိတ်စာရရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လာသူဖက်က ကြွရောက်ဖို့ ပျက်ကွက်နိုင်သလို အကြောင်းအမျိုးမျိုး ကြောင့်ပဲ ဖိတ်သူဖက်က ဖိတ်စာပေးပို့ဖို့လည်း ပျက်ကွက်နိုင်တာပါပဲ။
မုဒိတာရွှေကျောင်းက လူကြီးလူငယ် ဖြူဖြူမဲမဲ ကျားကျားမမ မခွဲခြားပဲ အားလုံးကို ဖိတ်တာပါ။ ဖိတ်စာရသည် ဖြစ်စေ၊ မရ သည်ဖြစ်စေ၊ ဘယ်နည်းနဲ့ပဲ ကြားရကြားရ။ အချိန်ရလို့ အဆင်ပြေလျင်ဖြင့် ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားပါတယ်။
နီးစပ်ရာ မိတ်ဆွေများကိုလည်း ဒီဝါဆိုသင်္ကန်းကပ်လှူပွဲ သတင်းစကားကို ထပ်ဆင့်ကာ ပါးပေးဖို့ ပြောပါတယ်။
မုဒိတာရွှေကျောင်းရဲ့
ပထမအကြိမ် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်ပွဲ
နေ့ရက်-သြဂုတ်လ ၁၄ ရက် (8. 14. 2011) Sunday
နေရာ- Mudita Shwe Kyaung, 27695 Leidig Ct, Hayward, CA 94544
အချိန်- နံနက် ၉ နာရီ ၃ဝ မှ နေ့လယ် ၁ နာရီ
ဝါဆိုသင်္ကန်း ကြိုတင်လှူဒါန်းလိုပါက ချက်မှာ Mudita Shwe Kyaung လို့ ရေးသားပေးပို့နိုင်ပါတယ်။
ကြွရောက်လာမည့် ပရိတ်သတ်များကို မိခင်ကြီး ဒေါ်ဟယ်လင်လင်းအမှူးထားတဲ့ မာဂရက်နဲ့ ဒေစီလင်း(လင်း) မိသားစုက ဖာလူဒါနဲ့ မြန်မာမုန့်။ ရော်နယ်လ်နဲ့ ဘာဘရာရှူးမိသားစုရဲ့ မုန့်ဦးနှောက်။ အစန်း နယ်လီမိသားစုရဲ့ မြန်မာ့ရိုးရာ နနွင်းမကင်း၊ပူတင်း၊ ရွှေချည်။ ဦးကျော်လင်း ဒေါ်အေးရွှေမိသားစုရဲ့ ကျောက်ကျောဖျော်ရည်နဲ့ မောင်အောင်ထွန်းလင်းဦးဆောင်ကာ လူငယ်ဝေယျာဝစ္စအဖွဲ့က တာဝန်ယူချက်ကြမယ့် မုဒိတာရွှေကျောင်းနဲ့ စုပေါင်းအလှူရှင်များရဲ့ မုန့်ဟင်းခါး စသည်တို့နဲ့ ဧည့်ခံမှာပါ။
ကိုယ်တိုင်ကုသိုလ်ယူကာ ပါဝင်လှူဒါန်းလိုပါရင်လည်း မုဒိတာရွှေကျောင်းကို ဖုန်းဆက်နိုင်ပါတယ်။
ရွှင်လန်းဝမ်းမြောက်ကြပါစေ
မုဒိတာရွှေကျောင်း
Phone: 510 785 0787/ 574 5442
Labels:
Invitation
Subscribe to:
Posts (Atom)
