Monday, June 13, 2011
Friday, June 10, 2011
Welcome to Founding of Mudita Shwe Kyaung
မုဒိတာရွှေကျောင်း ဖိတ်ကြားစာ
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဖရီးမောင့်မြို့ မေတ္တာနန္ဒဝိဟာရ၌ (၁၂) နှစ်ကြာ သီတင်းသုံး နေထိုင်ပြီး ဘာသာ ၊ သာသနာ ၊ နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာကို မြှင့်တင်လိုသော ဘာသာရေး၊ လူမှုရေး၊ အဖွဲ့ အစည်းအသီးသီး၊ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်အသီးသီးနှင့် ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံကာ အားတက်သရော ကိုယ်တိုင်ပါဝင်ကူညီလေ့ရှိသော ဆရာတော် အရှင်ဉာဏိကာဘိဝံသည် အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ ဟေးဝါဒ်မြို့တွင် မုဒိတာရွှေကျောင်း- အမည်နှင့် ကျောင်းသစ်တစ်ခု စတင် ဦးစီးတည်ထောင်နေပါပြီ။
ဆရာတော်သည် အရှင်ဉာဏိက၊ အရှင်ဉာဏိကာဘိဝံသ(ကာလီဖိုးနီးယားတက္ကသိုလ်)၊ ဉာဏ်ဦးမောင်၊ မုဒိတာလမင်း စသော ကလောင်အမည်များနှင့် ပြည်တွင်းပြည်ပ၊ မဂ္ဂဇင်း၊ စာစောင်၊ အာတာနက်စာမျက်နှာများပေါ်တွင် ဘာသာရေး၊ အတွေးအမြင်နှင့် သုတ၊ ရသ၊ ဆောင်းပါး၊ ကဗျာများကို ရေးသားလေ့ရှိသည်။
ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ၊ မကြီးရင့်သေးပေမယ့် အသီးအပွင့်လေးတွေနဲ့ ဝေဆာနေခဲ့သူ၊ အလှတွေ မျှဝေ ရစေဖို့၊ အင်္ဂလန်ခရီး မပြီးသေးပါ စာအုပ်များ ထုတ်ဝေခဲ့ပါသည်။ မင်းအလှ ခဏငှါးပါရစေ၊ ပြည်တွင်းဖြစ် အမေ၊ ကံကောင်းခြင်းလက်ဆောင် လက်ကမ်းစာအုပ်ငယ်များကိုလည်း ထုတ်ဝေခဲ့သည်။
မုဒိတာရွှေကျောင်း ကျောင်းသစ်ဖွင့်ပွဲကို ၂ဝ၁၁ ခု၊ ဇူလိုင်လ ၁ဝ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်ပါမည်။ ယခု လောလောဆယ်အချိန်တွင် ပြုပြင်ရန်လိုအပ်သော ဘုရားခန်း၊ ဆွမ်းစားခန်း၊ ရေချိုးခန်း၊ ကျောင်းဝင်းထရံစသည်များကို ကျောင်းသစ်ဖွင့်ပွဲအမီ ပြီးစီးနိုင်ရန် စုပေါင်းအလှူဖြင့် အမြန်ပြင်ဆင်လျက်ရှိပါသည်။
နေရာသစ်ကိုအမှီပြု၍ ဆရာတော်ဆန္ဒရှိသော အမျိုးဘာသာနှင့် လောကဓမ္မ ကောင်းကျိုးဆောင် လုပ်ငန်းများကို လွတ်လပ် အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်မိပါသည်။
ဆရာတော်အရှင်ဉာဏိကာဘိဝံသ၏ လုပ်ငန်းစဉ်များကို အားပေးထောက်ပံ့လို၊ ပူးပေါင်းပါဝင်လိုသော ဒကာ ဒကာမများ၊ လောက ဓမ္မ၊ မိတ်ဆွေများအနေနှင့် အောက်ပါလိပ်စာသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း လေးစားစွာ အသိပေး တိုက်တွန်း နှိုးဆော်အပ်ပါသည်။
ဝမ်းမြောက်ရွှင်လန်းကြပါစေ။
Address: 27695 Leidig Ct. Hayward, CA 94544
Phone: 510 673 4452
Note: Make check pay to the order of : Mudita Shwe Kyaung
Labels:
Invitation
Subscribe to:
Posts (Atom)