Friday, November 25, 2011

People with close distance but distant heart


အဝေးက နီးကြသူတွေ
အရှင်ဉာဏိက။ နိုဝင်ဘာ ၂၅၊ ၂၀၁၁

နေရာသစ်လေးတစ်နေရာ အတန်အသင့် အခြေခိုင်ဖို့ ကြိုးစားတည်ဆောက်နေတဲ့ကိုယ့်ကို အနီးအဝေးက အား ပေးကူညီကြတယ်။ ဒါဟာဖြင့် ပုဂ္ဂိုလ်ရေးအနေနဲ့ပဲကြည့်ကြည့်၊ ဒီထက်ခန့်ညားတဲ့စကားကို ယူသုံးရမယ်ဆိုရင် ဖြင့် သာသနာရေးရှုထောင့်ကပဲကြည့်ကြည့် ကျေးဇူးတင်ဝမ်းမြောက်စရာချည်းပါပဲ။ ပုဂ္ဂိုလ်ချင်း ရင်းနှီးကျွမ်းဝင် လို့ လေးစားခင်မင်မှုနဲ့ ထောက်ပံ့တယ်ဆိုလျင်တောင် သာသနာကိုအမှီပြုပြီး နေထိုင်တဲ့ပုဂ္ဂိုလ်တစ်ဦးရဲ့ နေ့စဉ် ဘဝလှုပ်ရှားမှုများဟာ သာသနာအတွက်သာ ဦးတည်ထားတယ်ဆိုတာ ကာယကံရှင်ကိုယ်ကိုယ်တိုင်ကတော့ အသိဆုံးပါပဲ။ သာသနာဆိုတဲ့ အဆုံးအမ ကင်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ဆိုတဲ့ လိုက်နာကျင့်ကြံသူ မရှိတဲ့ သာသနာပဲဖြစ်ဖြစ်၊ တစ်ဖက်ဖက်က ချို့ယွင်းနေတယ်ဆိုလျင်ဖြင့် လှပတင့်တယ်နိုင်တော့မယ် မဟုတ်ပါဘူး။ ပြည့်စုံလှပတဲ့အရာတစ်ခုဖြစ်ဖို့ဆိုလျင်ဖြင့် မှီရာသာသနာကိုလည်း လိုက်နာဖြည့်ကျင့်ပါမှ၊ သာသနာတည်စေရာ ပုဂ္ဂိုလည်ကိုလည်း ဝိုင်းဝန်းကာဖြည့်တင်းကြကာမှ ဖြစ်မှာပါ။ ဒါကြောင့် ကူညီအားပေးသူတွေဆိုတာ သာသနာ အတွက် အခရကျတဲ့သူတွေချည်းပါပဲ။

Friday, September 30, 2011

Invitation to Kahtina Donation Pwe

ပထမအကြိမ် စုပေါင်းဘုံကထိန်သင်္ကန်းဆက်ကပ်ပွဲ

မုဒိတာရွှေကျောင်းရဲ့ ပထမအကြိမ် စုပေါင်းဘုံကထိန်သင်္ကန်းဆက်ကပ်ပွဲကို ၂ဝ၁၁ ခု အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကျင်းပပါမယ်။ ကထိန်ပွဲကျင်းပတဲ့ ကုသိုလ်မင်္ဂလာ အခါတော်နေ့မှာ ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ ကျောင်းအသီးသီးက သံဃာတော်များကို ပင့်ဖိတ်ကာ သင်္ကန်း၊ ဆွမ်း၊ နဝကမ္မစတဲ့ လှူဖွယ်များလှူဒါန်းပြီး ပရိတ်သတ်များကိုလည်း စေတနာရှင် များက စားသောက်ဖွယ်များနဲ့ ဧည့်ခံကျွေးမွေးပါမယ်။

ကထိန်သင်္ကန်းတစ်စုံလျင် ဒေါ်လာ ၅ဝ နှုန်းဖြင့် ကြိုတင်ပြီး လှူဒါန်းနိုင်ပါကြောင်းနှင့် ကထိန်ပွဲသို့ ကြွရောက်ကြပါရန်ကို လည်း ကြည်လင်စိတ်ထားဖြင့် လေးစားစွာ ဖိတ်ကြားပါတယ်။

We would like to cordially invite you to share our very first Kathina Robe Offering Ceremony with us. As you know, this is a momentous event and it would mean so much to us if you could be there.

The event will take place at Mudita Shwe Kyaung, located at 27695 Leidig Ct Hayward, CA 94544, on 16th October, 2011. We look forward to seeing you then.
Mudita Shwe Kyaung

Date:
Sunday, 16th October 2011
Time:
9:30am – 1:00 pm
Venue:
27695 Leidig Ct, Hayward, CA 94544
Agenda
09:30am – 10:00
 Chanting Patthana
10:00am – 11:00
 Kathina Robe Offering Ceremony
11:00am – 1pm
 Lunch offering to monks and Provide lunch to Devotees

စားသောက်ဖွယ် အလှူရှင်များ
ဒေါ်ခင်နွယ်စိုး၊ ဒေါ်မေဘယ်အောင်၊ ဒေါ်နွယ်နီသောင်း၊ ဦးခင်မောင်ချို ဒေါ်စောမြတ်မာ၊ ဦးအောင်သူ ဒေါ်ဝါဝါ၊ ဦးညီညီလွင် ဒေါ်ခင်ချိုထွေး၊ ကိုသားသား မသက်သက်၊ ကိုရဲထွဋ် မအေးမြတ်သူ မိသားစုများနှင့် မိတ်ဆွေများ-မုန့်ဟင်းခါး လဘက်ရည်။ မိခင်ကြီး ဒေါ်ဟယ်လင်လင်းအမှူးထား၍ မာဂရက်လင်း ဒေစီလင်း(လင်း) မိသားစု- ဖာလူဒါ။ ဦးရစ်ချတ် ဒေါ်ဘေဘီ မိသားစု- ခေါက်ဆွဲသုတ်။ ကိုမောင်မောင် မဝါ- မန္တလေးပဲကြော်။ မေမိသားစု- ဘိန်းမုန့်။ ကိုညွန့်သန်း မထွေးထွေးဝင်းမိသားစု-အချိုရည်၊ သောက်ရေသန့်။

သံဃာတော်များအား စုပေါင်းဆွမ်းဆက်ကပ်မည်ဖြစ်၍ နှစ်သက်ဖွယ်ရာများ ချက်ပြုတ်လှူဒါန်းနိုင်ပါသည်။
Contact: 510 785 0787/ 510 574 5442 Email: ashinlay@gmail.com Web: www.mymudita.com

Tuesday, September 27, 2011

မုဒိတာရွှေကျောင်းရဲ့ ပထမအကြိမ် စုပေါင်းကထိန်သင်္ကန်းဆက်ကပ်ပွဲ

မုဒိတာရွှေကျောင်းရဲ့ ပထမအကြိမ် စုပေါင်းကထိန်သင်္ကန်းဆက်ကပ်ပွဲ
ိ ၂၀၁၁ ခု အောက်တိုဘာလ ၁၆ ရက် တနင်္ဂနွေနေ့မှာ ကျင်းပပါမယ်။ ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ ကျောင်းအသီးသီးက သံဃာတော်များကိုပင့်ဖိတ်ကာ ဆွမ်း၊ နဝကမ္မစတဲ့လှူဖွယ်များလှူဒါန်းပြီး ပရိတ်သတ်များကိုလည်း အလှူရှင်များက မြန်မာစားသောက်ဖွယ်များနဲ့ ဧည့်ခံကျွေးမွေးပါမယ်။

ကထိန်သင်္ကန်းတစ်စုံလျင် ဒေါ်လာ ၅ဝ နှုန်းဖြင့် ကြိုတင်ပြီး လှူဒါန်းနိုင်ပါကြောင်းနှင့် ကထိန်ပွဲသို့ ကြွရောက်ကြပါရန်ကိုလည်း မုဒိတာရွှေကျောင်းဆရာတော်ကိုယ်တိုင် ဖိတ်ကြားထားပါတယ်။

အထူးသတင်းအဖြစ် ကျောင်းသစ်ဖြစ်တဲ့ မုဒိတာရွှေကျောင်းမှာ ကျောင်းအင်္ဂါရပ်နဲ့ ပြည့်စုံစေဖို့ ကျောင်းသုံးပရိဘောဂအသုံးအဆောင် ဖြည့်စွက်စရာများနဲ့ လစဉ်ကျောင်းပေးမင့် ရေ၊မီး၊အမှိုက်၊တယ်လီဖုန်းစတဲ့ ကုန်ကျစရိတ်များအတွက် လှူဒါန်းစရာ ကုသိုလ်ပြုဖွယ်များ မြောက်များစွာပဲ ရှိနေပါသေးတယ်။

ကျောင်းသစ်တည်ထောင်ရာမှာ ဝိုင်းဝန်းပါဝင်လိုတဲ့ ကုသိုလ်ရှင်များကို ဖိတ်ခေါ်ပါကြောင်းနဲ့ ဝိုင်းဝန်းထောက်ပံ့ ကူညီခဲ့ကြတဲ့ အနီးအဝေးမှ နောင်ညီသံဃာတော်များနဲ့ ဒကာဒကာမအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုပါကြာင်းကိုလည်း ဆရာတော်က မိန့်ပါတယ်။
မုဒိတာရွှေကျောင်း ကျောင်းသစ်ကို ဆက်သွယ်ဖို့က

ဆရာတော် အရှင်ဥာဏိကာဘိဝံသ
27695 Leidig Ct
Hayward, CA 94544
Phone; 510 785 0787 Cell: 510 574 5442
www.mymudita.com

Essay No 3

ကုသိုလ်သည် ဘယ်မှာလဲ
အရှင်ဉာဏိကာဘိဝံသ
စက်တင်ဘာ ၁၈၊ ၂၀၁၁


ရွာဦးကျောင်းက ခေါင်းလောင်းသံ ကဗျာလေးနဲ့ပတ်သက်ကြီး ခေါင်းလောင်းသံ ငါတို့ကြားဆိုတဲ့ခေါင်းစဉ်နဲ့ စာတစ်ပုဒ်၊ အမျှ ဘာကြောင့် ယူရတယ်ဆိုပြီး စာတစ်ပုဒ်၊ စာနှစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ ပထမဆောင်းပါးကို ဖတ်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ ဆောင်းပါးထဲမှာ ငယ်စဉ်က ကစ္စည်းသဒ္ဒါကြီးစာအုပ်ထဲမှာ သင်ယူခဲ့ဘူးတဲ့ “ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ။ သတဉ္စ ဓမ္မောန ဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ” ဆိုတဲ့ဂါထာလေးအကြောင်းကို ထည့်ပြောလျင် ပိုပြည့်စုံမယ်။ တပည့်တော်တော့ မြန်မာပြည်ရောက်ရင် တရားဟောဖို့ တရားတစ်ပုဒ်ရပြီဆိုပြီး လောလောဆယ် နယူယောက်မှာရောက်နေတဲ့ ဓမ္မဘေရီဆရာတော်က အကြံပြုစကားနဲ့ မုဒိတာ စကား မိန့်ကြားပါတယ်။

Wednesday, September 14, 2011

The Sound of Bell 2

အမျှ ဘာကြောင့်ယူရတယ်
အရှင်ဉာဏိကာဘိဝံသ
စက်တင်ဘာ ၈၊ ၂၀၁၁

ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊
အမျှယူစို့လား။
အမျှဘာကြောင့် ယူရတယ်/
ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊
ခေါင်းလောင်းထိုးနေဆဲ။
အလွန်တရာလေးနက်တဲ့ပဋ္ဌာန်း စတဲ့အဘိဓမ္မာကျမ်းတွေ၊ နိကာယ်အရပ်ရပ်တွေကို ပို့ချသင်ကြားနေတဲ့ ရတနာ့ဂုဏ်ရည် ဓမ္မစာပေသင် တန်းရဲ့သုံးနှစ်ပတ် လည်အဖြစ်ကျင်းပတဲ့ပွဲမျိုးမှာ သြဝါဒစကားမိန့်ကြားဖို့ လျှောက်ထားတယ်ဆိုပါမှ ဘာဖြစ်လို့ခုလို မူလတန်းကလေးတွေ အတွက်ပြဌာန်းထားတဲ့ မူလတန်းဖတ်စာထဲက ကဗျာတစ်ပုဒ်ကို လာရွတ်နေရတာလဲလို့ တွေးကောင်းတွေးမိလိုက်လေမလားပါ။ နောက်ပြီး ဒို့ကိုများ မူလတန်းအရွယ် သူငယ်နှပ်စား ထင်ပြီး စော်ကားမော် ကားလုပ်လေသလားလို့ တွေးကောင်းလည်းတွေးလေမလားပါ။ ဟုတ်တယ်။ ဒီကဗျာလေးကို ဦးဇင်းတို့ငယ်ငယ် တတိယတန်းလား။ စတုတုတ္ထတန်း လားတော့ တိတိကျ ကျမမှတ်မိတော့ဘူး။ မြန်မာဖတ်စာစာအုပ်ထဲ မှာ ဖတ်ခဲ့ရတယ်။

Te Sound of Bell 1

ခေါင်းလောင်းသံ ငါတို့ကြား
ဉာဏ်ဦးမောင်
စက်တင်ဘာ ၃၊ ၂၀၁၁
ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊
အမျှယူစို့လား။
အမျှဘာကြောင့် ယူရတယ်၊
ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊
ခေါင်းလောင်းထိုးနေဆဲ။

သြဂုတ်လရဲ့ နွေနှောင်းရက်ကျန်က ကုန်လုကုန်ခင်။ မနက်ဖန်ဆိုလျင်ဖြင့် စက်တင်ဘာလရဲ့ ပထမနေ့။ နွေနေ ရှိန်ရဲ့ အပူငွေ့တို့လည်း ဒီနေရာလေးကနေ ပြန်လည်ထွက်ခွါသွားဖို့ ပြင်ဆင်နေကြပြီပေါ့။ ညပိုင်းများမှာဆို ဆောင်းကိုလှုပ်နှိုးမယ့် လေနုနု အအေးစက ခပ်ဟဟလေး လှစ်ထားတဲ့ ပြူတင်းကြားကနေ ဖွဖွလေး တိုးလို့ပင် ဝင်လာတတ်ပြီ။ ပြင်ပက အအေးဒဏ်ကို ခိုလှုံဖို့ တိုးလျိုးကာ ဝင်လာလေသလား၊ အဆောင်တွင်းနေသူကို အေး ချမ်းမှုပေးနိုင်စေဖို့ တိုးလျိုးဝင်လာလေသလား၊ ဒါကိုဖြင့် ခွဲခြားလို့တော့ မသိနိုင်ပါလေပြီ။

Monday, August 22, 2011

The open door at the Mudita Shwe Kyaung


လာရဦးမယ်လို့ ပြောနေဖို့ဖြင့် မလိုပါ
အရှင်ဉာဏိကာဘိဝံသ
သြဂုတ် ၁၉၊ ၂၀၁၁
မနေ့က အင်ဒီယာနာပြည်နယ်မှာ ရောက်ရှိနေကြတဲ့ နောင်တော်ဆရာတော် သုံးပါးနဲ့ စကားပြောဖြစ် တယ်။ အဲဒီမှာ ဆရာတော် ဦးဇာဂရ (ကံထွန်းသစ်) က အရှင်လေးလည်း ကျောင်းထောင်ကျနေပြီမို့ စာ မရေးနိုင်ဖြစ်နေထင်တယ်။ စာတွေ မဖတ်ရတာ ကြာပြီရယ်လို့ စာရေးဖို့ တိုက်တွန်းသံပါတဲ့ စကားကို မိန့်ပါတယ်။
          "မှန်ပါ၊ ဟုတ်ပါတယ်ဘုရား" လို့ ပြန်လည်လျှောက်ထားဖြစ်တယ်။ သူမိန့်ကာမှ ဟုတ်တာပေါ့။ မရေးဖြစ် တာ တော်တော်ကြာနေခဲ့ပြီပဲလို့ ရုတ်တရက် စဉ်းစားမိတယ်။ နောက်ပြီး ညနေပိုင်းကပဲ ရင်းနှီးတဲ့ ဒကာတစ်ဦးနဲ့ တွေ့ခဲ့လို့ သူလျှောက်ထားတာပတ်သက်ပြီး စာရေးဦးမယ်လို့ ပြောဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်း ဆရာကံကို ပြန်လည်လျှောက်ထားခဲ့တယ်။
ညတွင်းချင်းပဲ ရေးဖို့စိတ်ကူးခဲ့ပေမယ့် တစ်နေ့လုံးလာသမျှ ပရိတ်သတ်နဲ့ စကားပြောနေရတဲ့ အရှိန်က ပြလာပြီမို့ ခဏအိပ်ရာပေါ်လှဲလိုက်တာ အိပ်ပျော်သွားခဲ့လို့ တစ်ကြောင်းမှ မရေးနိုင်ခဲ့ဘူး။ စိတ်နောက် ကို မလိုက်နိုင်တဲ့ရုပ်က ရွှေရတုသက်တော် နီးလာခြင်းရဲ့ အမှတ်လက္ခဏာသင်္ကေတကို ပြလို့နေပြီ လေ။
မုဒိတာရွှေကျောင်းကို ဖွင့်လှစ်ခဲ့တာ ခုဆို တစ်လကျော်ကျော် ရှိနေခဲ့ပြီ။ ကျောင်းဖွင့်ပွဲ မတိုင်မီမှာ ပြင် ဆင်ချိန်က တစ်လနီးပါးလောက်နဲ့ဆိုတော့ မုဒိတာရွှေကျောင်းနဲ့ ဆက်စပ်တဲ့ ရက်တွေက နှစ်လခန့် ရှိခဲ့ပြီပေါ့။ ဒီနှစ်လလောက်အတွင်းမှာ တွေ့ကြုံဆုံခဲ့ရတဲ့ အတွေ့အကြုံက အဖုံဖုံ။ မြင်ရ ကြားရ ရောင်စုံ အစအနတွေရယ်က အပြည့်။ ကြမ်းထမ်းတာတွေလည်း ရှိ။ လွမ်းတမ်းစရာတွေလည်း ရှိ။ ဘဝရှိခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုမှ ရှောင်ပယ်လို့ မရနိုင်တဲ့ လောကသဘာဝ။ အကောင်းအဆိုး တရားတွေနဲ့ မြိုင်လို့ ဆိုင်လို့။ တစ်ပွင့်စီ၊ တကန့်စီကို စနစ်တကျ ရွေးချယ်ကာ စာစီကုံးရလျင်ဖြင့် အရောင်အသွေး တော်တော်စုံမယ့် စာပန်းကုံးကောင်းကောင်း ဖြစ်လိမ့်မယ်လို့ပင် တွေးမိပါသေးရဲ့။

Thursday, August 4, 2011

First Waso Event of the Monastery


ဖိတ်စာရရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လာသူဖက်က ကြွရောက်ဖို့ ပျက်ကွက်နိုင်သလို အကြောင်းအမျိုးမျိုး ကြောင့်ပဲ ဖိတ်သူဖက်က ဖိတ်စာပေးပို့ဖို့လည်း ပျက်ကွက်နိုင်တာပါပဲ။
မုဒိတာရွှေကျောင်းက လူကြီးလူငယ် ဖြူဖြူမဲမဲ ကျားကျားမမ မခွဲခြားပဲ အားလုံးကို ဖိတ်တာပါ။ ဖိတ်စာရသည် ဖြစ်စေ၊ မရ သည်ဖြစ်စေ၊ ဘယ်နည်းနဲ့ပဲ ကြားရကြားရ။ အချိန်ရလို့ အဆင်ပြေလျင်ဖြင့် ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားပါတယ်။
နီးစပ်ရာ မိတ်ဆွေများကိုလည်း ဒီဝါဆိုသင်္ကန်းကပ်လှူပွဲ သတင်းစကားကို ထပ်ဆင့်ကာ ပါးပေးဖို့ ပြောပါတယ်။

မုဒိတာရွှေကျောင်းရဲ့
ပထမအကြိမ် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်ပွဲ



နေ့ရက်-သြဂုတ်လ ၁၄ ရက် (8. 14. 2011) Sunday


နေရာ- Mudita Shwe Kyaung, 27695 Leidig Ct, Hayward, CA 94544


အချိန်- နံနက် ၉ နာရီ ၃ဝ မှ နေ့လယ် ၁ နာရီ
ဝါဆိုသင်္ကန်း ကြိုတင်လှူဒါန်းလိုပါက ချက်မှာ Mudita Shwe Kyaung လို့ ရေးသားပေးပို့နိုင်ပါတယ်။

ကြွရောက်လာမည့် ပရိတ်သတ်များကို မိခင်ကြီး ဒေါ်ဟယ်လင်လင်းအမှူးထားတဲ့ မာဂရက်နဲ့ ဒေစီလင်း(လင်း) မိသားစုက ဖာလူဒါနဲ့ မြန်မာမုန့်။ ရော်နယ်လ်နဲ့ ဘာဘရာရှူးမိသားစုရဲ့ မုန့်ဦးနှောက်။ အစန်း နယ်လီမိသားစုရဲ့ မြန်မာ့ရိုးရာ နနွင်းမကင်း၊ပူတင်း၊ ရွှေချည်။ ဦးကျော်လင်း ဒေါ်အေးရွှေမိသားစုရဲ့ ကျောက်ကျောဖျော်ရည်နဲ့ မောင်အောင်ထွန်းလင်းဦးဆောင်ကာ လူငယ်ဝေယျာဝစ္စအဖွဲ့က တာဝန်ယူချက်ကြမယ့် မုဒိတာရွှေကျောင်းနဲ့ စုပေါင်းအလှူရှင်များရဲ့ မုန့်ဟင်းခါး စသည်တို့နဲ့ ဧည့်ခံမှာပါ။

ကိုယ်တိုင်ကုသိုလ်ယူကာ ပါဝင်လှူဒါန်းလိုပါရင်လည်း မုဒိတာရွှေကျောင်းကို ဖုန်းဆက်နိုင်ပါတယ်။

ရွှင်လန်းဝမ်းမြောက်ကြပါစေ
မုဒိတာရွှေကျောင်း
Phone: 510 785 0787/ 574 5442

Tuesday, July 26, 2011

What's in a name - Why Mudita Shwe Kyaung

မုဒိတာရွှေကျောင်း
အရှင်ဉာဏိကာဘိဝံသ
ဇူလိုင် ၂၇၊ ၂၀၁၁
ကျောင်းသစ်တည်ထောင်မယ်ဆိုပြီး နေရာရှာနေစဉ်ကတည်းက သိသူအချို့က ကျောင်းနာမည် ဘယ်လိုပေး ထားသလဲလို့ မေးတတ်ကြလို့ မုဒိတာရွှေကျောင်းလို့ နာမည်ကြိုရွေးထားခဲ့တယ်။ “မုဒိတာရွှေကျောင်း” ဆိုတဲ့ နာမည်လေးက ကောင်းတယ်။ ဘာကြောင့် ဒီနာမည်ကို ပေးထားသလဲဆိုတာကို သိချင်တယ်။ ရှင်းပြပါဦးလို့ ပြောခဲ့တဲ့သူတွေက မနည်းဘူး။ ကိုယ်ကလည်း “တစ်ယောက်ချင်းစီကို ရှင်းပြနေရင် ပြီးနိုင်တော့မှာ မဟုတ်ဘူး။ နောက်မှ အချိန်ရရင် ဒီအကြောင်းကို စာတစ်ပုဒ်ရေးမယ်”ဆိုပြီး မေးလာသူတိုင်းကို ပြောထားလိုက်တယ်။ ဈေး နည်းနည်းကိုင်လိုက်တယ်လို့ ပြောချင်လည်း ပြောနိုင်မယ်ပေါ့။
ကျောင်းဖွင့်ပွဲသာ ပြီးသွားတယ်။ ဒီအကြောင်း ရေးမပြနိုင်ခဲ့ဘူး။ ကိုယ့်ရဲ့ကျေးဇူးရှင် မစိုးရိမ်တိုက်သစ်ဆရာတော် ကြီး ရောက်တောင့်ရောက်ခဲ အမေရိကကို ရောက်ခိုက်မှာ ကျောင်းဖွင့်ပွဲ ပြုလုပ်နိုင်အောင် အမြန်ပြုလုပ်ခဲ့တာမို့ အချိန်က တိုတိုလေး။ နောက်ပြီး ဖွင့်ပွဲကိုလည်း တတ်နိုင်သမျှ သပ်သပ်ရပ်ရပ်လေးဖြစ်အောင်လည်း စီစဉ်ချင် တယ်။
နေရာကသာ အသစ်ဆိုပေမယ့် ကျောင်းအဆောက်အဦက အဟောင်း။ နှစ်ပေါင်း ခြောက်ဆယ်ကျော်နေတဲ့ သက်တမ်းရင့် အဆောက်အဦ။ ဒီတော့ မလတ်မလန်းတော့တဲ့ အဟောင်းတို့ထုံးစံအတိုင်း ပြုပြင်စရာတွေက ဒုနဲ့ဒေး။ အမှန်တကယ် လေးစားခင်မင်ကြ။ ရင်းနှီးကျွမ်းဝင်ကြတဲ့ သူတွေရဲ့ ငွေအားလုပ်အား အထောက်အပံ့ ကောင်းကောင်းရခဲ့လို့သာ ခုလောက်အချိန်ပိုင်းလေးအတွင်း ကျောင်းဖွင့်ပွဲကို ပြုလုပ်နိုင်ခဲ့တာ။
ဖွင့်ပွဲနီးလာလေ၊ လုပ်စရာတွေကလည်း ပိုများလာလေမို့ အချိန်က မလောက်နိုင်ခဲ့ဘူး။ ဒီတော့ အချိန်ရရင် ဒီအကြောင်းကိုရေးမယ်လို့ ပြောထားခဲ့တဲ့ ကိုယ့်ကတိစကားက ကျောင်းဖွင့်ပွဲသာ ပြီးသွားတယ်။ စာရေးဖို့က မစနိုင်ခဲ့ဘူး။ ဖွင့်ပွဲ ပြီးသွားပြန်တော့လည်း မပြတ်သေးတဲ့အစတွေက သတ်စရာတွေ တစ်ပုံတပင်။ တကယ် အားလပ်ကာမှ ရေးရမယ်ဆိုရင် ဒီပုံနဲ့ဖြင့် တော်တော်နဲ့ အထမြောက်နိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် အချိန်ရှားနေတဲ့ကြားကပဲ မရမက ရသမျှ အချိန်လေးတွေကိုစုပြီး “မုဒိတာရွှေကျောင်း” နာမည်ပေးရခြင်း အကြောင်း ရေးလိုက်တာ။ ကြည်နူးဝမ်းသာ မုဒိတာပွားနိုင်ကြလိမ့်မယ်လို့ ထင်မိပါရဲ့။
ဒီနာမည်ရဲ့နောက်ဆွယ်မှာ မြုပ်ကွယ်နေတဲ့ အဓိပ္ပါယ်တွေက ကိုယ့်အတွေးနဲ့ကိုယ်ကိုပဲ တော်တော်များနေပြီး သားပါ။ ဒီအထဲမှာမှ ဘာကြောင့် မုဒိတာရွှေကျောင်းလို့ နာမည်ပေးရတာလဲ။ မုဒိတာ မများတတ်ကြတဲ့ ရွှေတွေ ကို အမြင်ကပ်ကပ်ရှိလို့ ခုလိုနာမည်မျိုးပေးတာလားရယ်လို့ သူတို့အထင်နဲ့သူတို့ ပေါက်ပေါက်ရှာရှာတွေးပြီး လိုသလိုအဓိပ္ပါယ်ဖွင့်တတ်ကြတာတွေကလည်း မနည်းဘူး။ အဲဒီလို သူတို့အမြင်နဲ့သူတို့ ပေါက်ပေါက်ရှာရှာ တွေးပြီး ထင်သလို ပေးထားတဲ့ အတွေးတွေကိုပါ ပေါင်းထည့်လိုက်မယ်ဆိုလျင်တော့ ပြောမဆုံးလောက်အောင် ပင် မုဒိတာရွှေကျောင်းရဲ့ အဓိပ္ပါယ်က များပြားပြန့်ထွက်သွားမလားပဲပေါ့။ အဲဒါတွေတော့ ရှိစေတော့။ ကြိုက်သ လိုတွေး၊ ကြိုက်သလိုပေး။ လွတ်လပ်အတွေးဆိုတာကိုက မုဒိတာရွှေကျောင်းရဲ့ အခရာကျတဲ့ အခြေခံအလှပဲ လေ။
မုဒိတာဆိုတာက သူတစ်ပါးတွေ ကြီးပွားချမ်းသာတာ။ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက်ဖြစ်နေတာကို မြင် ရကြားရရင် ဝမ်းမြောက်ကြည်နူးတာ။ ဒီထက်ဒီထက်ပိုပြီး ကြီးပွားချမ်းသာကြပါစေ၊ တိုးတက်အောင်မြင်နိုင်ပါ စေဆိုတဲ့ မွန်မြတ်တဲ့စိတ်ထားမျိုး ထားနိုင်တာ။ မနာလိုမှု ကင်းရှင်းတာ။ လောကကြီး ကြီးပွားတိုးတက်စေဖို့၊ အကောင်းဖက်ကို တိုးတက်သထက် တိုးတက်သွားစေဖို့ စိတ်ထားကောင်း ထားပေးနိုင်တာမျိုးကို ဆိုလိုတာ။

Friday, July 22, 2011

Dhamma Talk by Taungzun Sayadaw (July 17th, 2011)

မုဒိတာရွှေကျောင်းမှာ ဓမ္မဘေရီ တောင်စွန်းဆရာတော်က အဘိဓမ္မာသင်တန်းပို့ချ
ဇူလိုင် ၂၃၊ ၂၀၁၁
သည်နေရာတွေမှာ ရယူနားထောင်နိုင်ပါတယ်။ မြန်မာကွန်မြူနီတီမှာ မုဒိတာပွားကြဖို့ လိုအပ်တဲ့အကြောင်း မုဒိတာရွှေကျောင်းဖွင့်ပွဲမှာ ပြောထားတာကို စိတ်ဝင်စားရင် နားထောင်ဖို့ပါ။

Sunday, July 10, 2011

Sayadaws's Speeches at Mudita's Opening Ceremony


            ကျောင်းဖွင့်ပွဲတွင် ဗန်းမော်ဆရာတော် ဦးကုမာရာဘိဝံသ ဟောကြားတော်မူသော သြ၀ါဒ မိန့်ခွန်း -

   ကျောင်းဖွင့်ပွဲတွင် မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ ဟောကြားတော်မူသော သြ၀ါဒ မိန့်ခွန်း -

            ကျောင်းဖွင့်ပွဲတွင် ကျောင်းထိုင်ဆရာတော် ဦး ဥာဏိကာဘိဝံသ ပြန်လည် ပြောကြားသော ကျေးဇူးစကား -

Opening Ceremony of Mudita Shwe Kyaung

Tuesday, July 5, 2011

Opening ceremony Invitation

မုဒိတာရွှေကျောင်း ကျောင်းသစ်ဖွင့်ပွဲ ဖိတ်စာ 

ဘေးဧရိယာ မြန်မာမိသားစုများအားလုံးကို ဆရာတော်ဦးဉာဏိကာဘိဝံသက ဖိတ်ကြားလိုက်ပါတယ်။ ဖွင့်ပွဲအစီအစဉ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 
Date:         Sunday, July 10, 2011,  Time:         9:30 AM to 1:00 PM   
Location:      27695 Leidig Ct., Hayward, CA 94544
Phone:         510- 785 0787/510- 574 5442,  Email: ashinlay@gmail.com    
Website:       www.mymudita.com
မုဒိတာရွှေကျောင်း ကျောင်းသစ်ဖွင့်ပွဲသို့ မြန်မာနိုင်ငံမှ ခေတ္တသာသနာပြုကြွရောက်တော်မူနေကြသော ဗန်းမော်ဆရာ တော်ကြီး ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၊ တောင်စွန်းဓမ္မ ဘေရီဆရာတော် အရှင်ဝီရိယ။ ရဝေနွယ်(အင်းမ)နှင့် ဗေးဧရိယာရှိကျောင်းအသီးသီးမှ ဆရာတော်များ ကြွရောက် ချီး မြှင့်တော်မူကြပါမည်။
(အရှင်ဉာဏိကာဘိဝံသနှင့် ကျောင်းဒကာ၊ ကျောင်းအမ အလှူရှင်များ)

ကျောင်းဖွင့်ပွဲ စားသောက်ဖွယ် အလှူရှင်များ
ဒေါ်မေကြည်မိသားစုနှင့် ဦးမောင်ကြီး ဒေါ်စန်းညွန့်မိသားစု-              မုန့်ဟင်းခါး၊ ကျောက်ကြော၊ မုန့်ကျွဲသဲ
ခြူးမိသားစု-                                                                        ခေါက်ဆွဲသုပ်
ဦးရွှေကျော် ဒေါ်ရှုအင်းမိသားစု-                                               မြန်မာထမင်းဟင်း
ကိုအောင်သူ မဝါမိသားစု-                                                      သံဃာတော်များဆွမ်း၊ဆွမ်းဟင်း
မိခင်ကြီး ဒေါ်ဟယ်လင်လင်းအမှူးထား၍ မာဂရက်လင်း၊ ဒေစီလင်းမိသားစု-ဖာလူဒါ၊ မြန်မာမုန့်
ဦးကြည်တိုး ဒေါ်သန်းငြိမ်း(ညီမ)ဒေါ်နီမိသားစု-                              ရွှေရင်အေး
မိဘများအမှူးထား၍ ကိုအောင်မင်း မစန္ဒာ မိသားစု-                      စမူဆာ၊ အကြော်စုံ
ကျော်တေဇနှင့် မောင်နှမတစ်စု-                                              ကော်ပြန့်သုပ်
ဦးကျော်သန်း ဒေါ်နန်းခမ်းကော်မိသားစု-                                     ရှမ်းထမင်းချဉ်
ဦးကျော်လှိုင် ဒေါ်ငယ်မိသားစု-                                                ဆီထမင်း၊ အာပြဲခြောက်ကြော်
ဦးဌေးလွင်မိသားစု-                                                              ဆီချက်ခေါက်ဆွဲ
ဒေါ်ညိုမိသားစု-                                                                   စားသောက်ဖွယ်တစ်မျိုး
ကိုကျော်လှမိသားစုနှင့် ကိုအောင်ကျော်လွင်(ထုံချိုင်း)-                    တို့ဟူးကြော်
ဦးကျော်လင်း ဒေါ်နန်းခမ်းရွှေ-                                                 ကျောက်ကြောဖျော်ရည်
မေတ္တာရောင်ခြည်ဝတ်အသင်း-                                                လ္ဘက်သုပ်
ကိုချိုဦး မစုစုသိန်း-                                                              သံဃာတော်များအတွက် သစ်သီးစုံ
ကိုညွန့်သန်း မထွေးထွေးဝင်း                                                 သောက်ရေသန့် ဆိုဒါ
(သံဃာတော်အပါး ၂ဝ ကျော်အတွက် မိမိတို့နှစ်သက်ရာဆွမ်းဟင်းများချက်ပြုတ်၍ ကိုယ်တိုင်လှူဒါန်းနိုင်ပါသည်)

Friday, June 10, 2011

Welcome to Founding of Mudita Shwe Kyaung


မုဒိတာရွှေကျောင်း ဖိတ်ကြားစာ
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဖရီးမောင့်မြို့ မေတ္တာနန္ဒဝိဟာရ၌ (၁၂) နှစ်ကြာ သီတင်းသုံး နေထိုင်ပြီး ဘာသာ ၊ သာသနာ ၊ နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာကို မြှင့်တင်လိုသော ဘာသာရေး၊ လူမှုရေး၊ အဖွဲ့ အစည်းအသီးသီး၊ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်အသီးသီးနှင့် ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံကာ အားတက်သရော ကိုယ်တိုင်ပါဝင်ကူညီလေ့ရှိသော ဆရာတော် အရှင်ဉာဏိကာဘိဝံသည် အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ ဟေးဝါဒ်မြို့တွင် မုဒိတာရွှေကျောင်း- အမည်နှင့် ကျောင်းသစ်တစ်ခု စတင် ဦးစီးတည်ထောင်နေပါပြီ။
ဆရာတော်သည် အရှင်ဉာဏိက၊ အရှင်ဉာဏိကာဘိဝံသ(ကာလီဖိုးနီးယားတက္ကသိုလ်)၊ ဉာဏ်ဦးမောင်၊ မုဒိတာလမင်း စသော ကလောင်အမည်များနှင့် ပြည်တွင်းပြည်ပ၊ မဂ္ဂဇင်း၊ စာစောင်၊ အာတာနက်စာမျက်နှာများပေါ်တွင် ဘာသာရေး၊ အတွေးအမြင်နှင့် သုတ၊ ရသ၊ ဆောင်းပါး၊ ကဗျာများကို ရေးသားလေ့ရှိသည်။
ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ၊ မကြီးရင့်သေးပေမယ့် အသီးအပွင့်လေးတွေနဲ့ ဝေဆာနေခဲ့သူ၊ အလှတွေ မျှဝေ ရစေဖို့၊ အင်္ဂလန်ခရီး မပြီးသေးပါ စာအုပ်များ ထုတ်ဝေခဲ့ပါသည်။ မင်းအလှ ခဏငှါးပါရစေ၊ ပြည်တွင်းဖြစ် အမေ၊ ကံကောင်းခြင်းလက်ဆောင် လက်ကမ်းစာအုပ်ငယ်များကိုလည်း ထုတ်ဝေခဲ့သည်။
မုဒိတာရွှေကျောင်း ကျောင်းသစ်ဖွင့်ပွဲကို ၂ဝ၁၁ ခု၊ ဇူလိုင်လ ၁ဝ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်ပါမည်။ ယခု လောလောဆယ်အချိန်တွင် ပြုပြင်ရန်လိုအပ်သော ဘုရားခန်း၊ ဆွမ်းစားခန်း၊ ရေချိုးခန်း၊ ကျောင်းဝင်းထရံစသည်များကို ကျောင်းသစ်ဖွင့်ပွဲအမီ ပြီးစီးနိုင်ရန် စုပေါင်းအလှူဖြင့် အမြန်ပြင်ဆင်လျက်ရှိပါသည်။
နေရာသစ်ကိုအမှီပြု၍ ဆရာတော်ဆန္ဒရှိသော အမျိုးဘာသာနှင့် လောကဓမ္မ ကောင်းကျိုးဆောင် လုပ်ငန်းများကို လွတ်လပ် အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်မိပါသည်။
ဆရာတော်အရှင်ဉာဏိကာဘိဝံသ၏ လုပ်ငန်းစဉ်များကို အားပေးထောက်ပံ့လို၊ ပူးပေါင်းပါဝင်လိုသော ဒကာ ဒကာမများ၊ လောက ဓမ္မ၊ မိတ်ဆွေများအနေနှင့် အောက်ပါလိပ်စာသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း လေးစားစွာ အသိပေး တိုက်တွန်း နှိုးဆော်အပ်ပါသည်။
ဝမ်းမြောက်ရွှင်လန်းကြပါစေ။
Address: 27695 Leidig Ct. Hayward, CA 94544
Phone: 510 673 4452
Note: Make check pay to the order of : Mudita Shwe Kyaung